Search


နိုင်ငံတော်ကစိုက်ပေးမယ့်ဖြူဖြူ့အိမ်မီတာခ ၁၅၀...

  • Share this:


နိုင်ငံတော်ကစိုက်ပေးမယ့်ဖြူဖြူ့အိမ်မီတာခ ၁၅၀ ယူနစ် စာအတွက်ကျသင့်ငွေ ၁၁၅၀၀ ကျပ်ကို Covid-19 ကာကွယ်၊ထိန်းချုပ်၊ကုသ ရေးအမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ဘဏ်စာရင်းတစ်ခုဆီကိုအခုပဲလွှဲလိုက်ပါတယ်😊...
ဘာလို့အဲ့လိုပြန်လှူဖြစ်တာလဲဆိုရင်...
ဒါလေးဖတ်မိလို့ပါ😇

Credit to #ThantZinMyint
ကျွန်တော့ဘော်ဒါတွေလုပ်နေတဲ့ လှူနည်းလေးပါ။ ခင်များတို့လှူချင်သပဆိုရင် လှူကြပါ။ အရေးကြုံတိုင်း လက်မနှေးတတ်သူတွေပူးပေါင်းလိုက်ရင် ပိုမိုထိရောက်စွာကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။

-------------

အိမ်သုံး မီတာယူနစ် ၁၅၀ က ၁၁၅၀၀ ကျပ် ကျသင့်ပါတယ်။

နိုင်ငံတော်က နိုင်ငံသား အားလုံး ခံစားခွင့် တပြေးညီ ဖြစ်အောင် စီစဉ်ပေးတာ ဖြစ်ပေမဲ့...

ဒီ ယူနစ် ၁၅၀ ဖိုးလောက် ကုန်ကျစရိတ်ကို မမှုသူတွေလည်း အများကြီး ရှိမှာပါ။

အိမ်ထောင်စု တစ်စုချင်းအတွက် ၁၁၅၀၀ ဆိုတဲ့ကွေဟာ ဘယ်လောက်မှ မရှိပေမဲ့...

နိုင်ငံတော်ဘက်ကတော့ အိမ်ထောင်စုပေါင်း များစွာအတွက် စိုက်ပေးရတဲ့အတွက်...

နဂိုတည်းက ကိုဗစ်တိုက်ဖျက်ဖို့အတွက် မလောက်ငတဲ့ ဘတ်ဂျက်ဟာ ပိုပြီး နည်းသွားမှာပါ။

ဒါကြောင့် ငွေရေးကြေးရေး အမှန်တကယ် လိုအပ်တဲ့ အခြေအနေမှာ ရှိမနေသူတွေအနေနဲ့....

ဘတ်ဂျက် မလောက်မငနဲ့ ကပ်ဘေးကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်ထံက တစ်နည်းအားဖြင့် နွမ်းပါးသူတွေဆီက တစ်ဇွန်း ကူမသောက်ဘဲ ပြန်လည် လှူဒါန်းပေးကြရင် မကောင်းဘူးလားလို့ တွေးမိပါတယ်။

ဒီလို ပြန်လှူကြမယ်ဆိုရင် နိုင်ငံတော်က စိုက်ပေးလိုက်ရတာတွေ သက်သာသွားတဲ့အတွက် အမှန်တကယ် လိုအပ်သူ နွမ်းပါးသူတွေကို ပိုထောက်ပံ့သွားနိုင်၊ ရောဂါ ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပိုဝယ်နိုင်၊ ကျန်းမာရေး ဝန်ထမ်းတွေ လုံခြုံရေးအတွက် ပိုသုံးနိုင်မယ်လို့ ယုံကြည်ပါတယ်။

လှူလိုက်တဲ့ငွေက အများကြီးတော့ မဟုတ်ပေမဲ့ ဒီလိုအလွယ်တကူ၊ တနိုင်တပိုင်လေး လှူလိုက်ရင် အမှတ်တရလည်း ဖြစ်သွားသလို...

အိမ်ထောင်စု တစ်သိန်းက မီတာ အလုံး တစ်သိန်းစာ ပြန်လှူကြမယ်ဆိုရင် အနည်းဆုံး သိန်းပေါင်း တစ်သောင်းတစ်ထောင်ငါးရာ နိုင်ငံတော်က သက်သာသွားပါမယ်။

မီတာအလုံးရေ များများရှိသူက အလုံးရေ ရှိသလောက် ပြန်လှူမှာတွေ...

မီတာတစ်လုံးသာ ရှိသော်လည်း ၁၁၅၀၀ ထက် ပိုပြီး လှူပေးသူတွေပါ ရှိလာရင် အလှူငွေ ဒီထက် ပိုရလာမှာပါ။

Bank account တွေလည်းကြေငြာထားပြီးသားဖြစ်လို့...

နိုင်ငံသားကောင်းတို့ရေ အခုပဲ ကိုဗစ်-၁၉ ဗဟိုကော်မတီကို Mobile banking ကနေ ချက်ချင်းလွှဲလိုက်ကြရအောင်လား။


Tags:

About author
not provided
SINGER. PERFORMER. "THOU SHALT BE REMEMBERED "
View all posts